အသည်းမှာ ဘယ်လိုရောဂါတွေ ဖြစ်ပွားနိုင်သလဲ
အသည်းက ခန္ဓာကိုယ်ကျန်းမာစေဖို့ တာဝန်တွေ အများကြီးကို ယူထားရတဲ့ အစိတ်အပိုင်းပါ။ စားလိုက်တဲ့ အစားအစာတွေထဲက အာဟာရဓာတ်တွေကို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ chemicals တွေအဖြစ် ပြောင်းလဲပေးသလို အဆိပ်အတောက်တွေကိုလည်း စစ်ထုတ်ပေးပါတယ်။ အစားအစာတွေကို အားအင်အဖြစ် ပြောင်းလဲပေးပါတယ်။ ဒါကြောင့် အသည်းက မကျန်းမာလို့ အလုပ်တွေကို ကောင်းကောင်း မလုပ်ဆောင်နိုင်ဘူးဆိုရင် ခန္ဓာကိုယ် တစ်ခုလုံး ထိခိုက်မှာပါ။
အသည်းကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေနဲ့ အသည်းမှာဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေ အများသားပါ။ ဘယ်လိုရောဂါတွေ အသည်းမှာ ခံစားရနိုင်လဲဆိုတာ ကြည့်လိုက်ဦးစို့နော်။
ရောဂါပိုး ကူးစက်တာ
အသည်းမှာ ပိုးဝင်ကူးစက်တာက အသည်းရောင်တာကို ဖြစ်စေပါတယ်။ အသည်းမှာဝင်ရောက်ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တွေကတော့
· အသည်းရောင် အသားဝါ အေ - မသန့်ရှင်းတဲ့ အစားအနဲ့ ရေတွေကနေတဆင့် ကူးစက်တယ်။
· အသည်းရောင် အသားဝါ ဘီ - အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ ဆေးထိုးအပ်တွေကို မျှဝေသုံးစွဲတာကနေတဆင့် ကူးစက်ပါတယ်။
· အသည်းရောင် အသားဝါ စီ - ရောဂါပိုးရှိသူရဲ့ သွေးတွေ၊ ခန္ဓာကိုယ်အရည်တွေကနေတဆင့် ကူးစက်တယ်။
ကိုယ်ခံအားစနစ် ပြဿနာ
ကိုယ်ခံအားစနစ်က ကိုယ်တွင်းကို ကျုးကျော်ဝင်ရောက်လာတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို မှားယွင်း တိုက်ခိုက်တာမျိုး ရှိပါတယ်။ ဥပမာ အသည်းကိုပါ။ ဒီလို မှားယွင်းတိုက်ခိုက်တဲ့အခါ
· ကိုယ်ခံအား မှားယွင်းတိုက်ခိုက်မှုကြောင့် အသည်းရောင်တာ - အသည်းလုပ်ဆောင်ရည် ပျက်ယွင်းတာတွေဖြစ်နိုင်ပါတယ်။ ဒီအခြေအနေက အသက်အရွယ်၊ ကျား/မ မရွေးခံစားရနိုင်ပါတယ်။ အမျိုးသမီးတွေမှာတော့ အဖြစ်များပါတယ်။
· သည်းခြေပြွန်ကို ပျက်စီးစေတဲ့ အသည်းရောဂါ (Primary biliary cholangitis)- ဒီရောဂါက အသည်းထဲမှာရှိတဲ့ သည်းခြေပြွန်တွေကို ပျက်စီးစေပါတယ်။ သည်းခြေပြွန်တွေ ပျက်စီးသွားတဲ့အခါ အစာတွေကို ချေဖျက်ဖို့ သည်းခြေအိတ်က ထုတ်ပေးလိုက်တဲ့ သည်းခြေရည်တွေက အသည်းဆီပြန်ရောက်သွားပြီး အသည်းမှာ အမာရွတ် ထင်ကျန်တဲ့ပါတယ်။ ဒီအခြေအနေက အသည်းကင်ဆာဖြစ်စေနိုင်သလို အသည်းအစားထိုးဖို့ လိုအပ်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။
· သည်းခြေပြွန် ပိတ်စေတဲ့ အသည်းရောဂါ (Primary sclerosing cholangitis) - ဒီရောဂါက သည်းခြေပြွန်တွေကို အမာရွတ်ထင်စေပါတယ်။ အသည်းထဲမှာ သည်းခြေရည်တွေ စုပုံသွားပြီး အသည်းကို အလုပ်လုပ်ဖို့ ခက်စေပါတယ်။ ဒီလိုနဲ့ အသည်းကင်ဆာ ဖြစ်လာစေပါတယ်။ အသည်းအစားထိုးဖို့ လိုအပ်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ SUGGESTED
ကင်ဆာနဲ့ အကျိတ်
· ကင်ဆာ - ကင်ဆာက ရင်သား၊ အဆုန်၊ အသည်းစတာတွေမှာ ဖြစ်နိုင်ပါတယ်။ အသည်းမှာစဖြစ်တဲ့ ကင်ဆာကတော့ ရှားပါတယ်။ အသည်းကင်ဆာ အများစုက ခန္ဓာကိုယ် အခြားအစိတ်အပိုင်းမှာ စဖြစ်ပြီး ပြန့်လာတာပါ။ အသည်းရောင်ရောဂါပိုးကြောင့် ဖြစ်နိုင်သလို အရက်သောက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သည်းခြေပြွန်ကင်ဆာကတော့ အသည်းကနေ အူသိမ်ဆီကိုပို့ပေးတဲ့ သည်းခြေပြွန်နေရာမှာ ဖြစ်တာပါ။ အစာခြေဖို့ ထောက်ကူပေးတဲ့ အရည်တွေကို ပေးပို့ပေးတာပေါ့။ ဒီကင်ဆာက ဖြစ်ခဲပြီး အသက် ၅၀ အထက် လူကြီးတွေမှာ အဖြစ်များပါတယ်။
· ကင်ဆာ မဟုတ်တဲ့ အသည်းအကျိတ် - အသည်းမှာ ကင်တာမဟုတ်တဲ့ အသည်းဆဲလ်အကျိတ်ဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဖြစ်ခဲပေမယ့် ဟော်မုန်းပါတဲ့ သန္ဓေတား သောက်ဆေး သောက်တဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒီအကျိတ်က ကင်ဆာအဖြစ် ပြောင်းလဲ သွားနိုင်ခြေ တော်တော်လေး နည်းပါတယ်။
မျိုးရိုးလိုက်တာ
အချို့သော အသည်းရောဂါတွေက မျိုးရိုးလိုက်တာပါ။
· Hemochromatosis - အစားအစာထဲ့ သံဓာတ်တွေကို အသည်း၊ နှလုံးနဲ့ အခြားအစိတ်အပိုင်းတွေမှာ အလွန်အမင်း သိုလှောင်တာကြောင့် ဖြစ်တဲ့ အသည်းရောဂါပါ။ အသက်အန္တရာယ် ရှိပါတယ်။
· Hyperoxaluria - ကိုယ်တွင်းမှာ oxalateလို့ ခေါ်တဲ့ ဓာတုပစ္စည်း များနေတာ ကျောက်ကပ်ကျောက်တည်တာ၊ ကျောက်ကပ် ထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။
· Wilson's disease - အသည်း နဲ့ အခြားအစိတ်အပိုင်းတွေမှာ ကော့ပါးများနေတာပါ။
· Alpha-1 antitrypsin deficiency - အဆုတ်က ကူးစက်ရောဂါတွေကို ခုခံနိုင်ဖို့ ထုတ်ပေးတဲ့ ဓာတုပစ္စည်း တစ်မျိုးပါ။ အသည်းက ထုတ်လုပ်ပေးတာ ဖြစ်ပြီး အသည်းက chemical တွေ မှားယွင်းထုတ်လုပ်တဲ့အခါ အသည်းရောဂါ ဖြစ်စေနိုင်ပါတယ်။
အခြားအသည်းရောဂါများ
အရက်ကြောင့်ဖြစ်တဲ့ အသည်းရွတ်နာ - အရက်အလွန်အကျွံသောက်ာကြောင့် အသည်းခြောက်တာပါ။
အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးတာ - အသည်းထဲမှာ အဆီတွေ များနေတာပါ။ ရေရှည်မှာ အသည်းရောင် အသားဝါ ဘီ နဲ့ စီ ဖြစ်စေနိုင်ပါတယ်။ အသည်းရွတ်နာလည်း ဖြစ်စေနိုင်ပါတယ်။
ဆေးအလွန်အကျွံ သုံးတာ - acetaminophen နဲ့ အသည်းကို ထိခိုက်စေနိုင်တဲ့ ဆေးတွေ အလွန်အကျွံ သုံးစွဲတာကြောင့် အသည်းထိခိုက်တာပါ။
သေစေနိုင်တဲ့ အသည်းရောဂါများ
· နာတာရှည် အသည်းလုပ်ဆောင်မှု ပျက်ယွင်းတဲ့ ရောဂါ
· အသည်းမှာ အမာရွတ်တွေ များလာတဲ့ အသည်းရွတ်နာ စတာတွေက အသက်သေဆုံးသည်အထိ ပြင်းထန်ပါတယ်။
ရေးသားသူ - မွန်မွန်